Easy to use WebCam application for Linux  

Posted by Mon Guy



တချို့လင်းနစ်အော်ပရေးရှင်း တွေမှာ Webcam အလုပ်လုပ်ဖို့ ဆော့ဝဲလ်၊ applications တွေ အတွက် အခက်တွေ့နေရတတ်ပါတယ်။ ကျနော့်ရဲ့ Ubuntu စက်က Webcam အတွက် apps ရှာနေတာ အတော်ကြာပါပြီ။ ဒီ Cheese ကို တွေ့မှပဲ အဆင်ပြေသွားတော့တယ်။ Cheese က Linux တွေအတွက် သီးသန့် ရေးထားတဲ့ အခမဲ့ GNOME application တခုပါ။ ရိုးရိုးလေးနဲ့ သုံးရတာ အတော်ကောင်းပါတယ်။ နှစ်လိုဖွယ် Interface နဲ့အတူ ရုပ်ရှင်ရော၊ ရုပ်ငြိမ်ပါ effects တချို့နဲ့အတူ သုံးခွင့်ပေးထားပါတယ်။

Install လုပ်ဖို့လည်း အလွန်လွယ်ပါတယ်။

(Applications -> Accessories -> Terminal ) ကိုသွားပြီး

sudo apt-get install cheese လို့ ရိုက်လိုက်ရုံ ပါပဲ။ (အင်တာနက်ချိတ်ထားဖို့လိုတယ်နော်)၊ ပြီးတာနဲ့ Applications မီနူးက Graphics မှာ Cheese ကို တွေ့ရပါလိမ့်မယ်။

မိတ်ဆွေတို့စက်မှာ လင်းနစ် တမျိုးမျိုး run ထားတယ်၊ Webcam ရှိတယ်ဆိုရင် ဒါလေးကိုသုံးကြည့်ဖို့ လက်တို့လိုက်ပါတယ်။

အားလုံး ကျန်းမာပျော်ရွှင်နိုင်ပါစေ။

This entry was posted on 12:09 AM and is filed under , . You can leave a response and follow any responses to this entry through the Subscribe to: Post Comments (Atom) .

0 comments